PV
: 180
ထုတ်ပိုးပုံ
တစ်ဗူးတွင်
တစ်ခါသောက် အထုပ်ငယ် (၁၅) ထုတ်ပါဝင်သည်။
ကျန်းမာရေးလိုအပ် ချက်နှင့် ကိုက်ညီသော အရည်အသွေးအကောင်းဆုံးအဆင့်မြင့်ကျန်းမာ
ရေး စောင့်ရှောက်ကုန် တစ်ခုဖြစ်ပြီး Hydrolyzed
လုပ်ထားတဲ့ Collagen, Lemon Verbena နဲ့ သဘာဝပစ္စည်းပေါင်းများစွာနှင့် ပေါင်းစပ်ထုတ်လုပ်ထားပြီး
အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ပါ သည်။ အံ့သြစရာ ကောင်းတဲ့ အာနိသင်များပေးပါသည်။
ဒါ့အပြင် စွမ်ဟော့်ရဲ့ Bio-tech R&D Institute ကနှစ်ပေါင်း များစွာ သုတေသနပြုပြီ
ထုတ် လုပ်လိုက်တဲ့ စွမ်းဟော့်ရဲ့မူ ပိုင် Collagen
ဖော်မြူလာ ဖြစ်ပါသည်။ ဒီကနေ့ဈေးကွက်ထဲ မှာတော့ အာနိသင်
အထက်မြက်ဆုံး Collagen ပါပဲ။
Collagen ဆိုသည်မှာ
လူ့ခန္ဓာကိုယ်မှာရှိတဲ့ ပရိုတင်းစုစုပေါင်းရဲ့
(၃၀) ရာခိုင်နှုန်း ဟာ Collagen တွေဖြစ်တယ်။ သွေးကြောတွေ၊
အရွတ်နဲ့အ ရိုးတွေ၊ အရေပြားစတာတွေကို တည်ဆောက်မှုအတွက် အ ခြေခံ ကျတဲ့ မရှိမဖြစ်တဲ့ ပစ္စည်းလို့ပြောလို့ရပါတယ်။
အ သက်ကြီးလာတာနဲ့အမျှ ကျွန်ုပ်တို့ခန္ဓာကိုယ် ဟာ Collagen
တွေတဖြည်းဖြည်းခြင်း ဆုံးရှုံးသွားနေပါတယ်။ ခန္ဓာကိုယ် ဟာ သည်အရေးပါတဲ့ Collagen တွေကို အလျင်မှီအောင် ပြန်မဖြည့်ပေးနိုင်ပါဘူး။
အကျိုးဆက်အနေနဲ့ ကျွန်ုပ်တို့ရဲ့အ
ရေပြားဟာ
လျင်လျင်မြန်မြန် အိုမင်းရင့်ရော်လာပြီး ကျွန်ုပ် တို့ရဲ့ အရိုးအဖွဲ့အစည်းဟာလည်း ကယ်လ်ဆီယမ်ဓာတ်
တွေကို ဆုံးရှုံးလာသည်။ အရိုးအဖွဲ့အစည်းတွေ အားနည်း လာတာနဲ့အမျှ အရိုးတွေ၊ အဆစ်တွေနဲ့
ပတ်သက်တဲ့ပြဿ နာတွေအဖြစ်များလာပြီး ခန္ဓာကိုယ်မှာ ဟိုနာဒီနာ နာတာ တွေများလာမယ်။
ဒီလိုမျိုးရောဂါဝင်ရောက်မှုတွေကနေ ကာကွယ်ဖို့
ခုခံအား တိုးတက်စေဖို့၊ အိုမင်းရင့်ရော်ခြင်း ကို တိုက်ဖျက်ဖို့ ကျွန်ုပ်တို့ ရဲ့ကိုယ်ခန္ဓာထဲမှာ
Collagen တွေလုံလုံလောက်လောက် ဖြည့်ဆည်း ပေးဖို့
လိုအပ်ပါတယ်။
ဗိုက်တာကင်းမှာပါတဲ့ Collagen ရဲ့ထူခြားမှု
Collagen
ရဲ့ သာမန်မော်လီကျူးအရွယ်အစာဟာကြီးမာတဲ့အတွက် ခန္ဓာကိုယ်အရေပြား Collagen ကို ကောင်းစွာစုပ်ယူနိုင်စွမ်းမရှိပါ။ သည့်အတွက်ကြောင့်
စွမ်း ဟော့်က Collagen ကို အဆင့်မြင့်နည်းပညာနဲ့
Hydrolyze လုပ်ပြီး Collagen ရဲ့မော်လီကျူးတွေကို
အလွန်သေးငယ် တဲ့ အရွယ်အစားဖြစ်သွားအောင်ဖြိုခွဲပေးပါတယ်။
လူ့ခန္ဒာကိုယ်ရှိ ပရိုတင်းပါဝင်မှု စုစုပေါင်း၏
(၃ ပုံ ၁ ပုံ) ကျော်ကို Collagen (အရွတ်) ဖြင့်
တည်ဆောက်ထားပြီး ခန္ဓာကိုယ်ဆဲလ်နှင့် သွေးကြောများ စေးကပ်မှုကို ထောက်ပံ့ပေးသည်။ ထို့အပြင်
Collagen (အရွတ်) သည် ကျွန်ုပ်တို့ ခန္ဓာကိုယ်တည်ဆောက်မှုတစ်ခုလုံးအတွက်
အ ခြေခံကျသော (မရှိမဖြစ်) လိုအပ်သည့် ပစ္စည်းတစ်ခုလည်း ဖြစ်သည်။
အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ လူ့ခန္ဒာကိုယ်အတွင်းရှိ
အရွတ်ပမဏဟာ တဖြည်း ဖြည်းလျော့နည်းလာသည့်အပြင် ခန္ဓာကိုယ်မှ ထုတ်လွှတ်နိုင်စွမ်းလည်း ကျဆင်းလာပါသည်။
အရွတ်မရှိတော့သည့်အခါ သွေးလည်ပတ်မှု အဖွဲ့အစည်းနှင့် ကျွန်ုပ်တို့ ခန္ဓာကိုယ်တည်ဆောက်
မှုကို ထိခိုက်စေသော ပြဿနာများစွာ ဖြစ်ပေါ်လာသည်။ အထူးသဖြင့် Collagen (အရွတ်) မဖြစ်မနေ ထောက်ပံ့ပေးနေရသော အရိုးအဆစ်အဆက်
(အရိုးနု) နေရာများ၊ အရေပြားနှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ပို၍ သိသာထင်ရှားသည်။
BioTech
နည်းပညာနှင့် ထုတ်လုပ်ထားသော Vitaking သည် ကျွန်ုပ်တို့
ခန္ဓာကိုယ်ရှိ အရိုးအဆစ် ကျန်းမာရေး လိုအပ်ချက်နှင့် ကိုက်ညီသော အရည်အသွေးအကောင်းဆုံး
အဆင့်မြင့်ကျန်းမာ ရေး စောင့် ရှောက်ကုန်ပစ္စည်းတစ်ခုဖြစ်ပြီး၊ အဓိကပါဝင်သောပစ္စည်းများမှာ
Hydrolyzed Collagen, Lemon Verbena, Isomalt, Ribose
နှင့် Inulin တို့ဖြစ်သည်။ ထို့အပြင် လန်းဆန်းစေသည့်အရ
သာ Jasmine Tea နှင့်လည်းပေါင်းစပ်ထား သောကြောင့်
ခန္ဓာကိုယ်ကာယဆိုင်ရာ ပြည့်စုံမှုအ တွက် သဘာဝစစ်စစ်အားဖြည့် အချိုရည်အဖြစ် သောက်သုံးနိုင်အောင်
ထုတ်လုပ်ထားသည်။ထို့ ကြောင့် Double Crane မှထုတ်လုပ်သော
VitaKing သည် ဈေးကွက်အတွင်း ရှိသော Collagen ထုတ်ကုန်များထက် ထူးခြားကောင်းမွန်နေခြင်းဖြစ်သည်။
ပါဝင်သောပစ္စည်းများနှင့် အကျိုးအာနိသင်များ
Hydrolyzed Collagen
Hydrolyzed Collagen ၏ သေးငယ်သော မော်လီကျူးများသည် အရွတ်အတွင်းပိုင်းရှိ ဆဲလ်
အလွှာအထိ Glucoprotein ကို အမြန်ဆုံး အားဖြည့်ပေးနိုင်သဖြင့် အရိုးအဆစ်ဂျိုင်းဆက်နေ
ရာများ တွင် မရှိမဖြစ် ကာကွယ်ပေးသော အရွတ်တစ်ရှူးများကို ပြန်လည်ပြင်ဆင်တည်ဆောက် ပေးနိုင်ခြင်းနှင့်
ကျန်းမာသောအရိုးစုများကို ပေးစွမ်းနိုင်ခြင်းမှာ VitaKing
၏ အထူးခြားဆုံးအ ချက်ဖြစ်သည်။
ထိုအပြင် Hydrolyzed
Collagen သည် အရေပြားတစ်ရှုးများ ပြုပြင်ပေးခြင်း၊ အသာအရည် ကြည်လင်တောက်ပ ပျော့ပျောင်းစေခြင်း၊
အရေးအကြောင်းများ ကာကွယ်ပေးခြင်း၊ ဆဲလ်အသစ် ဖြစ်ပွင်းမှုကိုမြှင့်တင်ပေးခြင်း၊ နဂိုအသားအရည်အတိုင်း
ပျော့ပျောင်းမှုကိုပြန်လည်ရရှိစေခြင်းတို့ကို ပေးစွမ်းနိုင်သည်။
ကြွက်သားတစ်ရူးများကို အားကောင်းစေခြင်းဖြင့်
သဘာဝကျကျ ကျန်းမာရေးနှင့် ညီညွှတ် သော ပိန်ခြင်းကို ရရှိစေသည်။ ဆဲလ်များပြုပြင်နေစဉ်
ခန္ဓာကိုယ်တွင် မလိုအပ်သော စွမ်းအင်များ ကို Hydrolyzed
Collagen ကစားသုံးလိုက်သောကြောင့် ခန္ဓာကိုယ်အဆီများနှင့် ကာဗွန်ဟိုက် ဒရိတ်များ
လျင်မြန်စွာ ချေဖျက်ပေးနိုင်ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချနိုင်သည်။ သွေးကြောနံ
ရံများကို ပြုပြင်ပေးသောကြောင့် နှလုံးနှင့် ဆိုင်သောရောဂါများ သက်သာစေသည်။
Lemon Verbena
Lemon Verbena သည် ကိုက်ခဲရောင်ရမ်းခြင်းနှင့်
ဖောရောင်ခြင်းများ ကို သက်သာစေပြီး အနာကျက်မြန်ခြင်း၊ အစာချေစနစ်ကို ကောင်းမွန်စေခြင်း၊
ကိုယ်တွင်းအပူကိုကျစေခြင်း၊ ဆီးရွှင်စေခြင်း၊ အဆိပ်အတောက်များ ဖယ်ရှားခြင်း၊ အသည်းခွန်အားတိုးစေခြင်းများကို
လုပ်ဆောင်ပေးပါသည်။
Ribose
Ribose သည်
(Adenosine Triphosphate (ATP) သို့ ပြောင်းလဲနိုင်ပြီး
ကျွန်ုပ်တို့ ခန္ဒာကိုယ်အားအင်ဖွံ့ဖြိုးစေရန် နှလုံးနှင့် အရိုးစုဆိုင်ရာအဖွဲ့အစည်းများကို
အထောက်အကူပြုသည်။
Isomalt
Isomalt
သည် သကြားအစားထိုးဖြစ်ပြီး ကယ်လိုရီတစ်ဝက်သာပါသောကြောင့် ဆီးချိုရောဂါဝေဒနာရှင်များ
လုံခြုံစိတ်ချစွာသောက်သုံးနိုင်ပါသည်။ အစာအိမ် အူလမ်းကြောင်း၏ လှုပ်ရှားမှုကို စေ့ဆော်အားကောင်းစေပြီး၊
မာသောဝမ်းကို ပျော့ပျောင်းစေ၍ ဝမ်းချုပ်ခြင်းကို သက်သာစေသောကြောင့် အစာအိမ် အူလမ်းကြောင်းကျန်းမာရေးကို
ကောင်းမွန်စေပါသည်။
သောက်သုံးသင့်သူများ
လူတိုင်း သောက်သုံးရန် လိုအပ်ပါသည်။ အထူးသဖြင့်
ဒူးနာ၊ ခါးနာ၊ အဆစ်အမြစ်နာ ဝေဒနာရှင်များ၊ ရောင်ရမ်းခြင်း၊ ဖောရောင်ခြင်းနှင့် နာကျဉ်ကိုက်ခဲခြင်းများကို
ပြေလျော့သက်သာစေပြီး အနာကျက်မြန်စေခြင်းတို့ကြောင့် ခွဲစိတ်လူနာများလဲသောက်သုံးရန်
အထူးသင့်လျော်ပါသည်။ ထို့အပြင် အားကစားသမားများ ကိုယ်ခန္ဓာကျစ်လစ်လိုသူများနှင့် နှလုံးအား
သက်လုံအားကောင်းလိုသူများ သောက်သုံးနိုင်ပါသည်။
သောက်သုံးရန်အညွှန်း
တစ်နေ့လျှင် ၁ ထုပ်မှ ၂ ထုပ်အထိ (သို့) လိုအပ်ချက်အရပိုပြီးလည်း
သောက်နိုင်ပါသည်။ အပူအအေး ၂မျိုးစလုံး နှစ်သက်သလို သောက်သုံးနိုင်ပါသည်။ အရိုးအဆစ်အမြစ်ဝေဒနာရှင်များ
၏ ပြီးပြည့်စုံသော ကျန်းမာရေးအတွက် Jia Hor Calcium
ဆေးပြားနှင့် တွဲဖက်သောက်သုံးသင့်ပါသည်။

No comments:
Post a Comment