Recent Comments Widget

Sunday, 26 March 2023

ဘာဆေးတွေက ဘာရောဂါအတွက်ဆိုတာ အကြမ်းဖျင်း



ဦးနှောက်အတွက် = Omega3 နဲ့ Vitamin D3 

နှလုံးအတွက် = CoQ10 , Magnesium, Garlic 

အာရုံကြော = Ginkgo , B12 

အသည်း = Milk thistle , Tumeric , Liver Detox 

အဆုတ် = Acetylcystine 

ဆံပင် ခြေသည်း လက်သည်း= Biotin 

အသားရည်လှပဖို့ = placenta extract, collegen , hair skin nail 

အစာခြေစနစ် အစာအိမ် /ကိုယ်ခံအားတတ်စေဖို့= Probiotic , နွယ်ချို , oxbile , HCL pepsin, Digestive enzyme 

အမျိုးသား 50ကျော်= Arginine

အမျိုးသမီး 50ကျော်= ဒေါင်းကွေးမြစ် 

အိပ်ပျော်ဖို့ = Melatonin 

အရိုး အဆစ်အမြစ်အတွက် = Glucosamine , Boswellia ,D3&K2, UCII ( အ ရွတ် )

အားဆေးသောက်မယ်ဆို = Zinc ပါတာ 
ရွေးသောက်ပါ 

သည်းခြေကျောက်တည် = Apple Cider Vinegar 

ဆီးချို အတွက် = Cinnamon 

အသည်းအဆီဖုန်း = Vitamin E , Vitamin D3 , Lecitin 

အနာကျက် သွားဖုံးသွေးယို =Zinc , Vitamin C 

မျက်စိအတွက် = Lutein, zeaxanthin 

ဆီးကျိတ်အတွက် = saw palmetto+Bee Pollen 

သွေးအားကောင်းဖို့ = Chlorella, Folate , iron 

ဆီးလမ်းကြောင်းအတွက် = Cranberry 

ရာသီလာစဉ် နာကျင်တာသက်သာဖို့ =Evening Primrose oil 

အားကစားသမားများအတွက်=BCAA

🙏Credit to Dr Zar Ni Zin & someone who wrote this 🙏

Saturday, 5 March 2022

ဟော်မုန်းမညီမျှဖြစ်နေခြင်းကို သိနိုင်သောလက္ခဏာ (10) ရပ်


♦ ဟော်မုန်းဆိုတာဘာလဲ ?

        လူတိုင်းရဲ့ခန္ဓာကိုယ်မှာ ဟော်မုန်းဆိုတာရှိပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလို လက်ဆုပ် လက်ကိုင်ပြလို့ မရပေမယ့် သူရဲ့ခန္ဓာကိုယ်တွင်းလုပ်ဆောင်ချက်တွေက လူတစ်ယောက်ကျန်းမာရေးအတွက် အင်မတန်အရေးကြီးပါတယ်။ ဟော်မုန်းဟာ ခန္ဓာကိုယ်တွင်း လှည့်ပတ်နေသော သွေးများမှတဆင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုချင်းစီကိုရောက်ရှိပြီး ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ ဖြစ်စဉ်တွေဖြစ် တဲ့ နေ့စဉ်ဇီ၀ဖြစ်စဉ်၊ မျိုးပွားမှုဖြစ်စဉ်တွေကို ပုံမှန်ဖြစ်အောင် ဆောင်ရွက်ပေးပါတယ်။  

        လိင်ဟော်မုန်းတွေဖြစ်တဲ့ (အီစထရိုဂျင်၊ ပရိုဂျက်စတီရုန်း၊ တက်စတိုစတီရုန်း)၊ သိုင်းရွိက် (နေ့စဉ် ဇီ၀ဖြစ်စဉ် အတွက် လိုအပ်တဲ့ဟော်မုန်း)၊ အဒရီနယ်လင် (စွမ်းအင်ပေးတဲ့ဟော်မုန်း)၊ ကော်တီဇော (စိတ်ဖိစီးမှုဟော်မုန်း)၊ မယ်လတိုနင် (အိပ်စက်ခြင်းဆိုင်ရာဟော်မုန်း) စတဲ့ ဟော်မုန်းတွေဟာ ခန္ဓာကိုယ်မှာအတက်အကျ အရှိဆုံးဟော်မုန်းတွေဖြစ်ပါတယ်။

♦ အမျိုးသားများထက်ပို၍ အမျိုးသမီးများ ဟော်မုန်းမညီမျှမှုကို ပိုခံစားရ  

        အမျိုးသမီးတွေမှာက ရာသီလာခြင်း၊ ကိုယ်၀န်ဆောင်ခြင်း၊ သွေးဆုံးခြင်း စတဲ့ဖြစ်စဉ်တွေနဲ့ ရင်ဆိုင် ကြုံတွေ့ရတာကြောင့် အမျိုးသားတွေထက် ဟော်မုန်းအတက်အကျ ပိုဖြစ်လေ့ရှိပါတယ်။ ဟော်မုန်းမတည် မငြိမ်ဖြစ်တာကို ရာသီလာချိန်မှာ ကိုယ်ရဲ့စိတ်ခံစားချက်၊ ခန္ဓာကိုယ်သက်တောင့်သက်သာ ရှိ/မရှိ ကို သတိထားကြည့်ခြင်းဖြင့် အကြမ်းဖျင်း သိနိုင်ပါတယ်။

        ကိုယ်ရောစိတ်ပါလန်းဆန်းပြီး အခြားသော ကျန်းမာရေးပိုင်းဆိုင်ရာ မထိခိုက်ဖို့အတွက် ဟော်မုန်း ညီမျှဖို့ လိုပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းမတည်မငြိမ်ဖြစ်ပါက ဘယ်လို လက္ခဏာလေးတွေ ပြသနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။

1. ပေါင်ချိန်တက်လိုက်၊ ကျလိုက်ဖြစ်ခြင်း

        ခန္ဓာကိုယ်အတွက် နေ့စဉ်ဇီ၀ဖြစ်စဉ်ကိုမှန်စေတဲ့ဟော်မုန်းကို သိုင်း ရွိက်ဂလင်းမှ ထုတ်ပေးပါတယ်။ ချမ်းတုန်ခြင်း၊ ပင်ပန်းနွမ်းလျခြင်း၊ အသားရေခြောက်ခြင်း၊ ၀မ်းချုပ်ခြင်း စတဲ့ လက္ခဏာတွေဟာ သိုင်းရွိက် ဂလင်းမှ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဟော်မုန်းထက်နည်းပြီး ထုတ်ပေးနေကြောင်း ပြသတဲ့အချက်တွေ ဖြစ် ပါတယ်။

2. နုံးခွေခြင်း

        တစ်ကိုယ်လုံးမလှုပ်ချင်၊ မသယ်ချင်ဖြစ်အောင်ထိုင်းမှိုင်းနေပြီး ပင်ပန်းနွမ်းနယ်နေသလို ခံစားရခြင်း ဟာ ဟော်မုန်းမညီမျှခြင်းရဲ့ လက္ခဏာရပ်ပါ။ ပင်ပန်းနွမ်းလျခြင်းဟာ ကော်တီဇော (စိတ်ဖိစီးမှုဟော်မုန်း) နဲ့ သက်ဆိုင်ပါတယ်။ ကော်တီဇော level အဆင့်မြင့်တဲ့အခါ ပျော်ရွှင်မှုကိုဖြစ်စေတဲ့ ဆီရိုတိုနင်ဟော်မုန်း ထွက်မလာနိုင်တော့ပါဘူး။ ဒါကြောင့် ကော်တီဇော level တွေမြင့်မသွားဖို့အတွက် ဖိစီးမှုဖြစ်လာရင် ဘယ်လိုတွန်းလှန်ရမယ်ဆိုတဲ့ နည်းလေးတွေကို လေ့လာထားသင့်ပြီး ကိုယ့်စိတ်ကိုအမြဲပျော်ရွှင်အောင်၊ တက်ကြွနေအောင် အတတ်နိုင်ဆုံးကြိုးစားသင့်ပါတယ်။ ပင်ပန်းနွမ်းလျခြင်းဟာ သိုင်းရွိက်ဟော်မုန်း အထွက်နည်းလွန်းခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။

3. ချွေးထွက်လွန်၍ ပူနွေးခြင်း၊ ညဘက်တွင် ချွေးထွက်ခြင်း

       ချွေးထွက်ခြင်း၊ နှလုံးတုန်ခြင်း၊ ခန္ဓာကိုယ်ကျင်ခနဲဖြစ်ခြင်းနဲ့အတူတွဲလျက် ခန္ဓာကိုယ်မှာရုတ်တရက် ပူနွေးသလိုခံစားရခြင်းဟာ ဟော်မုန်းမညီမျှခြင်း ဖြစ်နေကြောင်းပြတာဖြစ်ပြီး ညဘက်ချွေးထွက်ခြင်း ဟာလည်း ဟော်မုန်းမညီမျှခြင်းကြောင့် ဖြစ်ရတယ်ဆိုတာကို သတိမူသင့်ပါတယ်။ ဟော်မုန်းမညီမျှခြင်းဟာ အီစထရိုဂျင် (လိင်ဟော်မုန်း) ကို အနှောင့်အယှက်ပေးပြီး ယင်းအီစထရိုဂျင် ထွက်နှုန်းကိုလည်း လျော့နည်းစေ ပါတယ်။ ဒီလိုအီစထရိုဂျင်နည်းခြင်း၊ များခြင်းဟာ ခန္ဓာကိုယ်အပူချိန်အပါအ၀င် ခန္ဓာကိုယ်လုပ်ဆောင်ချက် များစွာကို ထိန်းချုပ်ရာမှာ တာ၀န်ယူဆောင်ရွက်ပေးတဲ့ ဦးနှောက်ရှိ Hypothalamus အပိုင်းကို သက်ရောက်မှုရှိစေတာကြောင့် ခန္ဓာကိုယ်တွင် အပူချိန်လွန်ကဲခြင်း၊ ချွေးထွက်လွန်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

4. မျက်စိကြောင်ခြင်း

        မျက်စိကြောင်ပြီး အိပ်မပျော်နိုင်တာဟာ သွေးဆုံးပြီးအမျိုးသမီးတွေမှာ အဖြစ်များတတ်ပါတယ်။ အိပ်မပျော်နိုင်သည့်ရောဂါဖြစ်ရခြင်းဟာ အီစထရိုဂျင်ဟော်မုန်း၊ ပရိုဂျက်စတီရုန်းဟော်မုန်းတွေနဲ့ သက်ဆိုင် ပါတယ်။ ပရိုဂျက်စတီရုန်းဟော်မုန်းဟာ ငိုက်မျဉ်းခြင်းကို ဖြစ်စေတတ်ပေမယ့် ၄င်း ဟော်မုန်း level ထိုးကျသွားပါက နိုးကြားတက်ကြွခြင်းကို ဖြစ်စေနိုင်တယ်လို့ လေ့လာချက်တွေအရ သုတေသီတွေက ဖော်ပြ ထားကြပါတယ်။ ထို့အတူ အီစထရိုဂျင်ဟော်မုန်း ထွက်နှုန်းနည်းသွားမယ်ဆိုလည်း အိပ်ချိန်လျော့နည်း သွားစေတတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုဟော်မုန်းများခြင်းနဲ့ မျက်စိကြောင်ခြင်းဟာ တိုက်ရိုက် ဆက်စပ်မှုရှိပါတယ်။

5. ဆံပင်ကျွတ်ခြင်း

        အမျိုးသားများမှာ ဆံပင်ကျွတ်လို့ ထိပ်ပြောင်သူအများစုရှိတတ်ပေမယ့် အမျိုးသမီးတွေမှာက သွေးဆုံးခါ နီးချိန်၊ ကိုယ်၀န်ဆောင်ချိန်နဲ့ မီးဖွားပြီးနောက်မှာ အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ ဆံပင်ကျွတ်ထွက် တတ်ကြပါတယ်။ ဒါဟာအမျိုးသမီးများမှာ ရှိတတ်တဲ့ ကျားဟော်မုန်းဖြစ်တဲ့ တက်စတိုစတီရုန်းကြောင့်ဖြစ်ပြီး ၄င်းဟော်မုန်းက Dihydrotestosterone (DHT) အဖြစ်သို့ ပြောင်းသွားခြင်းဖြစ်တယ်လို့ American Hair Loss Association ရဲ့ လေ့လာမှုအရသိရပါတယ်။ DHT ဟာ ဆံချည်မျှင်အိတ်တွေကို ပျက်စီးစေပြီး ဆံပင်ကျွတ်ခြင်းကိုဖြစ်စေပါတယ်။ ဟော်မုန်းတွေမညီမျှခြင်းဖြစ်တဲ့အခါ တက်စတိုစတီရုန်းဟော်မုန်းတွေ ပိုထွက်လာပြီး DHT အဖြစ်သို့ ပြောင်းလဲမှုများဖြစ်သွားကာ ဆံပင်လည်းသိသိသာသာ ကျွတ်လာတတ်ပါတယ်။

6. စိတ်လှုပ်ရှားခြင်း၊ စိတ်ဓာတ်ကျခြင်း

        သွေးဆုံးချိန်နဲ့သွေးဆုံးပြီးချိန်မှာ စိတ်ဓာတ်ကျခြင်းကို အမျိုးသမီးတိုင်းလိုလို အဓိကခံစားရ တတ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျော်ရွှင်မှုကိုဖြစ်စေတဲ့ ဟော်မုန်းနှစ်ခု-သိုင်းရွိက်ဂလင်းမှ ထုတ်တဲ့ ဆီရိုတိုနင်ဟော်မုန်းနဲ့ ပစ်ကျူထရီဂလင်းမှထုတ်တဲ့ အန်ဒိုဖင်ဟော်မုန်းတို့ နည်းသွားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ၄င်းဟော်မုန်းနှစ်ခုလုံးထွက်နှုန်းများပါက နာကျင်မှုတွေကိုသက်သာစေနိုင်ပြီး နည်းမယ်ဆိုပါက ပျော်ရွှင်မှုနဲ့ အကောင်းမြင်စိတ်ဆိုတဲ့ ခံစားချက်တွေကို တားဆီးပိတ်ပင်ပစ်နိုင်ပါတယ်။ စိတ်လှုပ်ခြင်းဆိုတာကတော့ ၄င်းဟော်မုန်းနှစ်ခု အတက်အကျဖြစ်လွန်း အားကြီးခြင်းကြောင့် ပျော်ရွှင်မှုဟော်မုန်း ထွက်မလာတော့ဘဲ စိတ်အခြေအနေတည်ငြိမ်မှုမရှိတဲ့ အဖြစ်သို့ရောက်သွားရတာပါ။

7. အစာမကြေခြင်း၊ အစာအိမ်တွင် မအီမသာဖြစ်ခြင်း

        ဟော်မုန်းတွေဟာ အစာခြေဖျက်ခြင်းအပိုင်းအပါအ၀င် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တိုင်းလိုလိုမှာ အဓိကအခန်းကဏ္ဌအနေနဲ့ ပါ၀င်ခြင်းရှိတာကြောင့် အစာမကြေခြင်းဟာလည်း ဟော်မုန်းမညီမျှခြင်းကြောင့်လို့ ယူဆနိုင်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းမှာ တွေ့ရလေ့ရှိတဲ့ Gastrin, Secretin, Cholecystokinin ဟော်မုန်းသုံးခု မညီမျှတဲ့အခါ အစာခြေဖျက်မှုအားနည်း သွားစေကာ လေထိုးလေအောင့်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ အစာအိမ် အချဉ်ပေါက်ခြင်း၊ လေတက်ခြင်း၊ အော့အန်ခြင်း စတဲ့အစာမကြေ လက္ခဏာရပ်တွေ ဖြစ်ပွားစေနိုင်ပါတယ်။ ရာသီလာစဉ်အတွင်းနဲ့ သွေးမဆုံးခင်အစောပိုင်းကာလမှာ ဖြစ်လေ့ရှိတတ်တဲ့ ဗိုက်အောင့်ခြင်း၊ ဗိုက်ကယ်ခြင်းဟာ အီစထရိုဂျင်၊ ပရိုဂျက်စတီရုန်းဟော်မုန်း အထွက်နည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

8. အိမ်ထောင်ဖက်နှင့်အတူနေလိုစိတ်မရှိခြင်း

        အမျိုးသမီးတွေမှာ ကလေးမွေးပြီးနောက်၊ သွေးမဆုံးခင်နဲ့ သွေးဆုံးပြီးအချိန်တွေမှာဆို ဟော်မုန်းမညီမျှမှု အဖြစ်များတတ်ပါတယ်။ ဒါဟာ တက်စတိုစတီရုန်းဟော်မုန်းနဲ့ အများကြီးသက်ဆိုင်ပါတယ်။ အမျိုးသမီးတွေမှာ အသက်အရွယ်အပိုင်းအခြားပေါ်မူတည်ပြီး သားဥကြွေနှုန်း ကျဆင်းသထက် ကျဆင်းလျက်ရှိကာ သာကြွေခြင်းနည်းသွားလေ တက်စတိုစတီရုန်းဟော်မုန်းထွက်နှုန်း နည်းသွားလေပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ခြင်းကြောင့် အိမ်ထောင်မှုသုခရလိုစိတ်ကို ပျောက်စေပါတယ်။ နောက်တစ်ချက်အနေနဲ့က အီစထရိုဂျင်ဟော်မုန်းထွက်တာ နည်းခြင်းကြောင့်လည်း အမျိုးသမီးအင်္ဂါဆီသို့ သွေးရောက်ရှိမှုနည်းစေကာ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ရာဂစိတ်ဆန္ဒနည်းခြင်းကိုဖြစ်စေပါတယ်။

9. ရုတ်တရက် အစာစားလိုစိတ်ပြင်းပြလာခြင်း  

    တစ်စုံတစ်ရာကြောင့် ဖိစီးမှုခံစားရတဲ့အခါ စိတ်ဖိစီးမှုဟော်မုန်းကော်တီဇော level ကမြင့်တက်လာပြီး ၄င်းဖိစီးမှုတွေက အချိန်အတိုင်းအတာတစ်ခုအတွင်း ပြေလျော့သွားခြင်းမရှိဘဲ ဆက်လက်ဖြစ်နေမယ် ဆိုရင် ကော်တီဇောဟော်မုန်းကလည်း မြင့်သထက်လာပါတယ်။ ဒီလိုကော်တီဇော level မြင့်ခြင်းက ဆာလောင်မှုကိုဖြစ်စေတဲ့ သွေးတွင်းသကြားဓာတ် level ကိုမြှင့်တင်ပေးလိုက်တာကြောင့် အစားအစာအပေါ် အာသာပြင်းပြစိတ်ဖြစ်လာစေပါတယ်။ ထို့အတူကော်တီဇော level ကျသွားခြင်းက လည်း သွေးတွင်း သကြားဓာတ်ကို ကျစေနိုင်ပါတယ်။ ထိုသို့ဆိုလျှင် သွေးတွင်းသကြားဓာတ်ကျသွားတာ ကောင်းတာပဲလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ ဒါပေမယ့်သွေးတွင်းရှိ သကြားဓာတ်ဟာ ကြွက်သားအတွက် စွမ်းအင်အဖြစ် သို့ ပြောင်းသွားတာကြောင့် ခန္ဓာကိုယ်တွင်းမှာ သကြားဓာတ်ဟာ ရှိသင့်သလောက်တော့ရှိဖို့ လိုပါတယ်။ သကြားဓာတ်တွေ လွန်စွာကျဆင်းသွားမယ်ဆိုရင်တော့ အားအင်ကုန်ခမ်းသွားသလို ခံစားရမှာဖြစ်ပြီး ဆာလောင်တယ်ဆိုတဲ့ခံစားချက်ကို ဖြစ်စေပါတယ်။ ဒါကြောင့် ကော်တီဇော level က ပုံမှန်ဖြစ်နေဖို့ အရေးကြီးပါတယ်။ သိုင်းရွိက်ဂလင်းက သိုင်းရွိက်ဟော်မုန်းလုံလောက်အောင် မထုတ်ပေးနိုင်ပါ ကလည်း သွေးတွင်းသကြားဓာတ်တွေ လျော့ကျလွန်းကာ အစားစားလိုစိတ်ပြင်းပြမှုကို ဖြစ်စေပါတယ်။

10. မျက်သားခြောက်ခြင်း

        မျက်ကြည်လွှာမှာရှိတဲ့ Meibomian Gland နဲ့ Iacrimal Glands  နှစ်ခုဟာ မျက်ရည်ပုံမှန် ထုတ်နိုင်အောင်၊ မျက်စိကျန်းမာရေးကောင်းအောင် ဆောင်ရွက်ပေးတဲ့ ဂလင်းနှစ်ခုဖြစ်ပြီး ၄င်းတို့အား တက်စတိုစတီရုန်း (ယောက်ျားဟော်မုန်း) က အထောက်အပံ့ပေးပါတယ်။ ဟော်မုန်းမညီမျှခြင်းဟာ တက်စတိုစတီရုန်းထွက်ရှိမှုကို ကျဆင်းသွားစေတာကြောင့် မျက်ကြည်လွှာရှိ ဂလင်းနှစ်ခုကို ကောင်းစွာ အလုပ်မလုပ်စေနိုင်ဘဲဖြစ်စေကာ မျက်သားခြောက်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။

Thursday, 1 May 2014

Lu Chun Lingzhi Tea

       ကျန်းမာရေးကိုထိန်းသိမ်းပြီးစိတ်ဖိစီး မှုကိုလျော့နည်းစေတဲ့လက်ဖက် Lu Chun Lingzhi Tea လူ သားမျိုး နွယ်အတွက်လက်ဖက်ရဲ့ ဒီစွမ်းဆောင်ချက်ကရေဆာပျောက်စေတာ၊အာသာပြေစေတာ တင်မဟုတ်ပါဘူး။ လက်ဖက်ရဲ့နူးညံ့တဲ့လုပ်ဆောင်ချက်လေးတွေကကြီးမား တဲ့ကျေးဇူးပေတာ၊ ကျန်း မာရေးအတွက်အထောက် အကူပြု စေတာတွေဟာကမ္ဘာအနှံ့မှာလက်ခံအသိအမှတ်ပြုနေကြပါပြီ။  
       လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်အတွင်းနိုင်ငံအတော်များများ မှာပြုခဲ့ကြတဲ့သုတေသနတွေသက် သေ ခံကြတာကလက် ဖက်ကိုမှန်မှန်သုံးစွဲခြင်းဖြင့်ကိုယ်ခန္ဓာရဲ့ရောဂါပြီးစေတဲ့ စနစ်ကိုအားပြည့် တောင့်တင်း စေ တယ်။အိုမင်းရင့်ရော်မှုကိုတိုက်ဖျက်ပေးတယ်။အဆီကျစေပြီးသွေးတွင်းကိုလက်စထ ရောကိုလည်းလျော့ချပေး တယ်။ကင်ဆာဆဲလ်တွေကြီးထွားမှုကိုလည်းတိုက်ခိုက်ပေးပြီးနှလုံးရောဂါကို လည်း ကာကွယ်ပေးတယ်။အခြားကျန်း မာရေးပြသာနာတော်တော်များများကိုလည်းဖြေရှင်းပေးနိုင်တဲ့ ဆေး စွမ်း ကောင်းဖြစ်ပါတယ်။
       အရည်အသွေး မြင့်လက်ဖက်ရည်တစ်ခွက်နှစ်ခွက်ခန့်ကိုနေ့စဉ်မအားလပ်တဲ့  လုပ်ငန်းအချိန် ဇယား ထဲမှာအချိန်အနည်းငယ်ပေးသောက်လိုက်ခြင်းအားဖြင့်ကျွန်ုပ်တို့ရဲ့အာခံတွင်းကတံတွေးကို ကောင်းမွန်စွာထုတ်ပေးနိုင်စေပြီးကျွန်ုပ်တို့ခန္ဓာကိုယ်ရဲ့ ဂလင်းအဖွဲ့အစည်းကောင်းမွန်စွာ အလုပ်လုပ် စေပါတယ်။ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက်ရေဓာတ်ကိုအကောင်းဆုံးထိန်း သိမ်းပေးပြီးသွေးထဲမှာသကြား ဓာတ် နဲ့ကယ်လိုရီတွေလိုအပ်တာထက်ပိုမနေအောင်ထိန်းညှိပေးပါတယ်။လက်ဖက်ဟာနည်းလမ်းများ စွာဖြင့်ကျန်းမာရေးကိုအထောက်အကူပြုနေပါတယ်။
Lu Chun Lingzhi Tea ကိုထုတ်လုပ်တဲ့နေရာမှာအဖိုးတန်အပင်လေးမျိုး
1. Lingzhi (Ganoderma Lucidum),
2. Semen Cassiae,
3. Gynostemma Pentaphyllum, နဲ့
4. Oolong  လက်ဖက်တို့အဓိကပါဝင်ပါတယ်။
       သည် Lu Chun Lingzhi Tea လက်ဖက်ဟာအလွန်နှစ်သက်ဖွယ် အရသာရှိပြီး ကိုယ်စိတ်ကျန်းမာ ရေးအ တွက် ဘက်ပေါင်းစုံကနေအထောက်အကူပြုပါတယ်။ အူနံရံနဲ့ အစာအိမ်အဖွဲ့အစည်းအ ဆီ မတွယ်ကပ် စေဖို့၊သက်သောင့်သက်သာရှိဖို့နဲ့အလုပ်ကောင်းစွာလုပ်နိုင်ဖို့ သာမက Lu Chun Lingzhi Tea လက်ဖက် ဟာ ကျွန်ုပ်တို့ခန္ဓာကိုယ်ရဲ့ရောဂါပြီးစနစ်ကိုလည်း အားဖြည့် သန်မာစေပါတယ်။ ဖော ရောင်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပြီးခန္ဓာကိုယ်ထဲက အဆိပ်တွေကိုရှင်းပေးတယ်။
       သလိပ် ပျော်စေပြီးချောင်းဆိုးပျောက်စေတယ်။အမြင်အာရုံကိုကြည်လင်စေတယ်၊သည်လိုအစွမ်း အာနိသင် တွေကြောင့် စားသုံး သူတွေနှစ်ခြိုက်တဲ့လက်ဖက်ဖြစ်နေပါပြီ။ အစိုပြန်ခြင်းမဖြစ်အောင် Lu Chun Lingzhi Tea လက်ဖက်အိတ်ကို ထိပ်တန်းအဆင့်ဝါဂွမ်းနဲ့လုပ်ပြီး ၀ါချည်နဲ့ပဲ ချုပ်ထားပါတယ်။ ဒါ ကြောင့် သောက်သုံးရာမှာအန္တာရယ်ကင်းပြီးကျန်းမာရေးနဲ့အထူးညီညွတ်ပါတယ်။
Chun Lingzhi Tea ရဲ့လုပ်ဆောင်ချက်များကတော့
Lingzhi:
       လင်ဇီး (Lingzhi) လို့ခေါ်တဲ့ Ganoderma Lucidum ဟာ Polysaccharide Peptide လို့ခေါ်တဲ့ အမီနိုအက်ဆစ်မော်လီကျူးလေးတွေမြောက်များစွာပါပြီး Triterpenoid, Adenosine, Ganoderma Nucleosides,ပရိုတင်းမော်လီကျူးလေးများစွာနဲ့ကျန်းမာရေးအတွက်အလွန်ပဲအစွမ်း ထက်တဲ့ အခြား ဒြပ်ပေါင်းများစွာပါဝင်ပါတယ်။

SemenCassiaae:
      ရောဂါပိုးမွှားတွေပေါက်ပွားစေတဲ့အပူဓာတ်ကိုရှင်းပေးတဲ့အတွက်မျက်စေ့ကိုအား        ကောင်းစေ ပါတယ်။ အူလမ်းကြောင်းနဲ့အ စာအိမ်နံရံတွေကိုအစိုဓာတ်ပေးတဲ့အတွက်ဝမ်းမှန်စေပါတယ်။

GynostemmaPentaphyllum:   
       ချွဲပျော်ပြီးချောင်းဆိုးပျောက်စေပါတယ်။အာရုံကြောစနစ်ကိုကောင်းမွန်စေနိုင်တဲ့အစွမ်းရှိလို့ စိတ်ဖိစီးမှုကိုသက်သာ လျော့နည်းစေနိုင်ပြီးစိတ်လှုပ်ရှားမှုနည်းအောင်စွမ်းဆောင် နိုင်ပါတယ်။

OolongTea:    
       ထိပ်တန်းအဆင့်လက်ဖက်ဖြစ်ပါတယ်။စွဲမက်ဖွယ်အရသာနဲ့ရွှေရောင်အဆင်းကြောင့်လူသိများ ကျော် ကြားပါတယ်။

Shuang Hor Lacto-Berry

PV : 56
ထုပ်ပိုးပုံ
အထုပ်ငယ် 2 g အထုပ် 30 ပါဝင်သည်

       Shuang Hor Lacto-Berry ကိုကျွန်ုပ်တို့ ခန္ဓာကိုယ်၏ အစာအိမ်၊ အူလမ်းကြောင်း ကျန်းမာ ရေး လိုအပ်ချက်နှင့်ကိုက်ညီသောအရည်အသွေးအကောင်းမွန်ဆုံး Probiotics များကို  ကောင်းစွာ  အခြေခံ၍ Cranberry နှင့် Blueberry သီးအဆီအနှစ်တို့  ဖြင့် ပေါင်းစပ်ထုတ်လုပ်ထားပါသည်။
       Probiotics ဆိုသည်မှာ ကျွန်ုပ်တို့မွေးစကတည်းကပင် ခန္ဓာကိုယ်တွင်း  ရောဂါဖြစ်စေသော  မကောင်းသည့် ဘက်တီးရီးယားပိုးမွှားများကို ရှေ့တန်းမှ ခုခံကာကွယ်ပေးလျက် ရှိသည့်လူ့ခန္ဓာ ကိုယ်၏ အကျိုးပြုဘက်တီးရီးယားများဖြစ်ကြသည်။   ၄င်းတို့သည် Niacin (ခေါ်) နီကိုတီနစ် အက်ဆစ်၊ Folacin (ခေါ်) ဖော်လစ်  အက်ဆစ်၊  ပန်တိုတန်နစ်အက်ဆစ်၊  ဗီတာမင်  B1, B2,B6, B12,  ကယ်လ်စယမ်ဓာတ်၊သံဓာတ်နှင့်  ဗီတာမင်ဒီဓါတ်   စသောဗီတာမင်နှင့်သတ္တုဓါတ်  အမျိုး အစားများစွာ စုပ်ယူမှုကိုမြှင့်တင်ပေးနိုင်ခြင်း၊  အစားစားချင်စိတ်ဖြစ်ပေါ်စေခြင်း၊  အ စာစွန့်ထုတ်မှု  လွယ်ကူစေခြင်း၊   ကိုလက်စထရော လျော့ပါးစေခြင်း၊ ကင်ဆာပြန့်ပွားမှုကို လျှော့ ချပေး ခြင်း၊ အ စာ အိမ်အူလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြသာနာများ  တိုးတက်ကောင်းမွန်စေခြင်း၊   အစာ
အိမ်အဆိပ်သင့်မှုကို ကာကွယ်ပေးခြင်း၊ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး  ခန္ဒာကိုယ်အတွင်း  အ ဆိပ်အတောက်၊  အညစ်အကြေးများကို   စွန့်ထုတ်ဖယ်ရှားပေးခြင်းစသောကျန်းမာရေးသုခများစွာ ပေးစွမ်းပါသည်။

အဓိကပါဝင်ပစ္စည်းများနှင့် အကျိုးအာနိသင်များ

Bifidobacterium Lactis (L-form):
        အစားအိမ်အူလမ်းကြောင်းအတွင်း ချေဖျက်ရန်ခက်ခဲသော  အ ရာများ၊  အမျှင်ဓါတ်များကို  ဖြိုခွဲ ချေဖျက်ပေး  ပြီး မကောင်းသော  ဘက်တီရီးယားများ   တိုးပွားမှုအန္တရာယ်နှိမ်နင်းဖယ်ရှား ပေး ကာ၊  အစာခြေစွမ်းရည်ကိုအားကောင်းစေပါသည်။

Bififdobacterium Longurm (L-form):
       အစာအိမ်အူလမ်းကြောင်းအတွင်း  ကောင်းသော  ပိုးမွှားများကို ထိန်းသိမ်းပေးပြီးရောဂါဖြစ် စေသည့် ဘက်တီးရီးယားများကို ဖယ်ရှားသုတ်သင်ပေးသည်။ဝမ်းချုပ်ခြင်း၊ ဝမ်းကိုက်ခြင်း များကို သက်သာစေပြီးအစားအသောက်မှားခြင်းနှင့်   ပဋိဇီဝဆေးများကြောင့်  ဖြစ်တတ်သော  ဝမ်းပျက် ဝမ်းလျှော ခြင်းများကို   ကာကွယ်  ဟန့်တားပေးသည်။   ၄င်းဘက်တီးရီးယားသည် အစာခြေစွမ်း ရည်ကို  အားကောင်းစေသောဗီတာမင်ဘီအုပ်စုနှင့်  အင်ဇိုင်းများထုတ်လုပ်သောအူမကြီးအတွင်း တွင် အများဆုံးတွေ့ရပြီး  အူမကြီးကို ကျန်းမာစေခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားနှုန်းကိုလျော့ချ ပေးသည်။  ထို့ပြင် အူ၊ အူသိမ် အားရောဂါပိုးကူးစက်ပြန့်ပွားခြင်းမှ  ကင်းဝေးစေရန် ရုပ်ပိုင်းဆိုင် ရာ  ခုခံအားကိုကောင်းစေခြင်းဖြင့်  ခန္ဒာကိုယ်အား ကူးစက်ရောဂါများ၏ ဘေးမှ ထိရောက်စွာကာ
ကွယ်ပေးသည်။

Cranberry Powder:  
       ကျွန်ုပ်တို့၏  ဆီးလမ်းကြောင်းသည် ၈၀% မှ ၉၀% ထိဆီးပိုးဝင်ရောက်ကူးစက်နိုင်သည်။ Cranberry ၏အထူးအဆီအနှစ်ဖြစ်သော Anthocyanidin သည် E-coli ခေါ်ဆီးပိုးအန္တရာယ် မှ ထိရောက်စွာကာကွယ်ပေးသည်။

Rasberry Powder:   
       ဝမ်းချုပ်ခြင်းကိုအထူးကာကွယ်ပေးသည်။

Blueberry Powder:  
       အိုမင်းရင့်ရော်မှုကိုနှေးကွေးစေခြင်း  Free Radicals  များကို   ဖယ်ရှားပေးကာ ခန္ဒာကိုယ်၏  ဇီဝကမ္မ  အညစ်အကြေးများစွန့်ထုတ်မှုကို  အားကောင်းစေသော  သဘာဝ  ဖြစ်စွက်စာတစ်မျိုး ဖြစ်သည်။

Isomalt:  
       သကြားအစားထိုးဖြစ်ပြီး ကယ်လိုရီတစ်ဝက်သာပါ၍  ဆီးချိုရောဂါဝေဒနာရှင်များ လုံခြုံစိတ်
ချစွာ သောက်သုံးနိုင်ပါသည်။  မာသောဝမ်းကိုပျော့ပျောင်းစေ၍  အားကောင်းစေကာ ဝမ်းချုပ်ခြင်း ကို သက်သာစေပါသည်။
သုံးစွဲသင့်သူများ
       ဝမ်းချုပ်ဝမ်း လျှောခြင်း၊ ဝမ်းချုပ်ခြင်း၊  ဝေဒနာခံစားနေရသော ကလေး၊  လူကြီး၊သက်ကြီး ရွယ် အိုများ။အစားမကြေခြင်း၊ နို့နှင့်မတည့်ခြင်း၊  အဟာရစုပ်ယူမှုအားနည်းခြင်းကြောင့်  အဟာ ရမပြည့်ဝခြင်းခံစားနေရသူများ။  အစားအသောက်နည်းသော ကလေးသူငယ်များ။ အဆီနှင့် ကယ်လိုရီအစားများပြီး  ဖိုင်ဘာဓါတ်အားနည်းသူများ။
       ပဋိဇီဝဆေးများ ပုံမှန်သုံးစွဲနေရသူများ။ဗိုက်ခွဲမွေးထားပြီး  နို့တိုက်ကျွေးမှု မရှိသဖြင့်  မိခင် ထံမှ Probiotics မရခဲ့သော ကလေးသူငယ်များ။ အူလမ်းကြောင်း အိုမင်းရင့်ရော်နေသော သက် ကြီးရွယ်အိုများ။ခံတွင်းအနံ့အသက်မကောင်းသူများ။ ကိုယ်ခံစွမ်းအား  ကောင်းလွန်းသူများနှင့်  ကိုယ်ခံအားကောင်းရန်လိုအပ်သူများ။ မကြာခဏ ခရီးသွားလာတတ်သူများ။

သုံးစွဲရန်အညွှန်း ။ ။
       အစာစားပြီးတိုင်းရေအေး(သို့) နှစ်သက်ရာ  ဖျော်ရည်များဖြင့်   သောက်သုံးနိုင်ပါသည်။ ဖိုင်ဘာ၊  ပရိုတင်း၊  ဗိုက်တာကင်းတို့နှင့် တွဲဖက်သောက်သုံးပါကပိုကောင်းပါသည်။
မှတ်ချက် - ရေနွေး(သို့) ပူသောအရည်များ Gas ပါသောဖျော်ရည်များနှင့်တွဲမသောက်ပါနှင့်။

Yung Kien Eye Plus

PV : 115
ထုတ်ပိုးပုံ
ဆေး (၃) လုံးပါသော အထုပ်ငယ်၊ တစ်ဗူးတွင် အထုပ် (၂၀) ပါဝင်သည်။

       ကျွန်ုပ်တို့၏ အမြင်အာရုံနှင့် မျက်စိကျန်းမာရေးကို ထိန်းသိမ်းရာတွင် နေ့စဉ်အရောင်ရင့်သော သစ်သီးသစ်ရွက်များ စားသုံးရုံသာမက Antioxidants  ပေးစွမ်းနိုင်သော  ဖြည့်စွပ်စားများကိုပါ စား သုံးရန်လိုအပ်ပါသည်။ Yung Kien Eye+  သည်  မျက်လုံးအားပည့်စေသော Antioxidants  ဓါတ် စာတစ်မျိုးဖြစ်ပြီး အမြင်အာရုံး နှင့်  မျက်စိအတွက် မရှိမဖြစ်သောအရာဖြစ်သည်။

ပါဝင်သောပစ္စည်းများနှင့် အကျိုးအာနိသင်များ

Lutein, Zeaxanthin:
       (၂၁) ရာစု၏ အဆင့်အမြင့်ဆုံး Marigold ပန်းမှသဘာဝအတိုင်းထုတ်ယူ ထားသော Flora Lutein နှင့်  Zeaxanthin   ဖြစ်ကြပြီး နှစ်ပေါင်း (၂၀)  ခန့်သုတေသနပြုချက်များ  အရ မျက်စိ မှန်ဘီလူး  (Retina) နှင့်  အမြင်အာရုံ  အတွက်မရှိမဖြစ်သောအရာများဖြစ်ကြသည်။ မျက်စိအိမ်ပျက် စီးခြင်း  တိမ်စွဲခြင်းနှင့် ခရမ်းလွန်ရောင်ခြည်များမှ  ကာကွယ်ပေးသည့်အပြင် နှလုံး နှင့်ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးသည်။

Blackcurrant Polyphenois Extract: 
       သဘာဝ Antioxidants  ဖြစ်သော  Polyphenois ပေါင်း ၄မျိုးပါဝင်သဖြင့် Free Radicals များ ကို ဖယ်ရှား ပြီးအမြင်အာရုံကို ကြည်လင်ပြတ်သားစေသည်။ မျက်လုံးအိမ်ရှိ ဆံချည်မျှင် သွေး ကြော များထိ သွေး လည်ပတ်မှုကောင်စေခြင်းဖြင့် အာရုံကြောကြွက် သားများယိုယွင်းမှုမှကာ ကွယ် စေသော  ကြောင့် မျက်စိ၊ လည်ပင်းနှင့် ပုခုံးကြောများ ကိုက်ခဲညောင်း ညာမှုများ ပြေလျော့ သက်သာစေသည်။

Natural Astaxanthin Extract:  
       ပင်လယ်  ရေအောက်ထဲရှိ ရေညှိများမှရရှိပြီး VitaminE  အဆ (၁၀၀၀) မြင့်သော Antioxidants များပါဝင်သောကြောင့် အမြင်အာရုံဆိုင်ရာ ဆဲလ်  များကို ကာကွယ်ပေးပြီး ရောင်ယမ်းမှုကို သက်သာစေပါသည်။ မျက်လုံးအိုမင်းရင့်ရော်မှုကို ဟန့်တားပေးပြီး မျက်စိအားကို ပိုမိုတိုးတက်စေ  သောကြောင့် ကွန်ပြူတာ နှင့်  ကျောက်သင်ပုန်းများ  အမြဲကြည့် နေသော ကလေးလူကြီးများ   အားလုံးအ တွက်  အထူးအသင့်လျှော်ပါသည်။

Billberry Extract:
       Vitamin E ထက်အဆ (၅၀) ပိုမြင့်သော  Anthocyanine (၁၅)   မျိုးခန့်ပါဝင်ပြီး Billberry အဆီအနှစ်ပေါင်း (၅၀) ကျော်ပါဝင်သော ကြေင့် မျက်စိကိုအထိရောက်ဆုံး ကာကွယ်ပေပြီး Pseudomyopia ဟုခေါ်သည့် မျက်စိအားစိုက်လွန်း ၍ ဖြစ်သောရောဂါကို သက်သာစေပါသည်။ မျက်စိ အာရုံကြောများကို  သန်မာစေပြီး   အမြင်အာရုံကို ပြတ်သားစေသည်။   ညဘက်အမြင် အာရုံကို  တိုး တက်စေပြီး ကြက်မျက်သင့်ရောဂါကို ကာကွယ်ပေး ပါသည်။

Wolfberry Extract:  
       တရုတ်ပြည်၏ရှေးကျသော Wolfberry အပင်၏ အဆီအနှစ်များမှထုတ်ယူထားသော ကြောင့် Zeaxanthin, Betaine, ဗီတာမင် B1 နှင့် B2, Nicotinic Acid နှင့်  သံဓါတ်များကြွယ်ဝ
စွာပါဝင်ပါသည်။   တရုတ်ပြည်  ရှိ   Shen Nong's Herbal Classic   ဆေးဘက်ဆိုင်ရာ အဖွဲ့ အစည်းမှစာတန်း  ထုတ်ပြန်ချက်အရ   Wolfberry    သည် ကျောက်ကပ်ကို  အားဖြည့်ပေးခြင်း၊  အဆုတ်အားအစိုဓါတ်ရှိစေခြင်း၊  အမြင်အာရုံကို  ကြည်လင်စေခြင်း စသည်တို့ကို လုပ်ဆောင် ပေးပါသည်။

သုံးစွဲသင့်သူများ
       မျက်စိမှုန်ခြင်း၊ မျက်စိအားနည်းခြင်း၊ မျက်ရိုးကိုက်ခြင်း၊ မျက်ရည်ပူကျခြင်း၊ မျက်စိကာ လာဘလိုင်းဖြစ်ခြင်း၊ မျက်မှန်ပါဝါများသူများ၊ အတွင်းတိမ်၊ ရေတိမ်၊ မျက်စိခွဲစိတ်လူနာများ၊   မျက်စိထိခိုက်ဒဏ်ရာရသူများနှင့် အခြားသော မျက်လုံးနှင့်ပက်သက်သော ရောဂါဝေဒနာရှင်များ  သောက်သုံးနိုင်ပါသည်။

သုံးစွဲရန်အညွှန်း
       တစ်ခါသောက် ၁ ထုပ်မှ ၂ ထုပ် တနေ့ ၂ ကြိမ်မှ ၃ ကြိမ် အစာစားပြီးသောက်ပါရန်။