Recent Comments Widget

Wednesday, 26 February 2014

AquaSense Amino Acid Cleanser



Amino Acid Cleanser သည် အားလုံးသောအသားအရေ အမျိုးမျိုးအတွက် သင့်လျှော်ပါသည်။
အမိုင်နို မျက်နှာသစ်ခရင်(မ်)တွင် အသားအရေ၏ အစိုဓါတ်ကို ထိန်းသိမ်းနိုင်စွမ်းရည်မြင့်မားသော ပစ္စည်းများ၊ အလွန်သန့်စင်ကောင်းမွန်သည့် ထူးခြားသော အမိုင်နိုအက်ဆစ်အခြေပြုပစ္စည်းများ ပါဝင်သဖြင့် အသားအရေကို လုံးဝသန့်စင်စေပြီး အသားအရေ ညိုညစ်ခြင်း၊ ဓါတ်မတည့်ခြင်း များကို ကာကွယ်ပေးနိုင်ပါသည်။ နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြု၍ အောက်ပါပစ္စည်းများဖြင့် ကမ္ဘာ့အဆင့်မီဖော်စပ်ထုတ်လုပ်ထားပါသည်။
ပါဝင်သောပစ္စည်းများနှင့်အကျိုးအာနိသင်များ
၁။ Sodium Lauroyl Glutamate ခေါ်အသန့်စင်ဆုံးအမိုင်နိုအက်ဆစ်အခြေ ပြု
ပစ္စည်းပါဝင်မှု
အမိုင်နိုအက်ဆစ်အခြေပြုပစ္စည်း (ခေါ်) Sodium Lauroyl Glutamate ဆိုသည်မှာ-
သဘာဝအရင်းအမြစ်များ၏ Fatty Acid များမှ ထုတ်ယူထားသော ပစ္စည်းဖြစ်ပြီး ၎င်းသည် လူ့အသားအရေရှိ PH တန်ဖိုးနှင့် အနီးစပ်ဆုံးဖြစ်ကြောင်းတွေ့ရှိရသည်။ ယနေ့ခေတ်အလှအပထိန်းသိမ်းမှု နည်းပညာနယ်ပယ်တွင် အကျွမ်းတဝင် ထည့်သွင်းစဉ်းစားကြသည့် နောက်ဆုံးပေါ် အဆင့်မြင့် ပါဝင်ပစ္စည်းတစ်မျိုးလ

ည်းဖြစ်သည်။
အမိုင်နိုအက်ဆစ်အခြေပြုပစ္စည်းသည် အရေပြား၏အောက် လွှာရှိအင်ဇိုင်းများကို အားဖြည့်ပေးသည့်အတွက်အက်ဆစ်ဓါတ်နည်းသော အခြေအနေတစ်ခုတွင်ပင် အကောင်းဆုံးတည်ရှိနိုင်ပြီး ကြမ်းတမ်းသည့်အ လွှာများရှိ ဇီဝကမ္မဖြစ်စဉ်များကို ပုံမှန်ဖြစ်အောင် ပြန်လည်ပြုပြင်ပေးနိုင်သည်။ ထို့ကြောင့် အရေပြားဓါတ်မတည့်မှု၊ ဝက်ခြံပေါက်ခြင်းနှင့် အရေပြားပြသနာ အမျိုးမျိုးတို့ကို လျော့နည်းသက်သာကောင်းမွန်စေသည်။
ယနေ့ဈေးကွက်တွင်ရောင်းချနေသော အမိုင်နိုအက်ဆစ်သန့် စင်ပစ္စည်းများတွင် အများအားဖြင့် အမိုင်နိုအက်ဆစ်ကို အခြေခံကာ ဖော်စပ် ထားသော်လည်း ပိုမိုသန့်စင်မှုကောင်းစေရန် ရည်ရွယ်၍ ဓါတုဗေဒပစ္စည်းများနှင့် ပေါင်းစပ်ထုတ်လုပ်ထားသည်ကိုတွေ့ရသည်။ ၎င်း ပစ္စည်းများကို ရေရှည်သုံးစွဲလျှင် အရေပြားဓါတ်မတည့်ခြင်း၊ ခြောက်သွေ့ခြင်း နှင့် အခြားမသက်မသာဖြစ်စေသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။
ထို့ကြောင့် Double Crane ၏ ဇီဝနည်းပညာနှင့် သုတေသန ဌာနမှ နောက်ဆုံးပေါ်နည်းပညာများဖြင့် AquaSense Amino Acid မျက်နှာသစ်ဆပ်ပြာကို မည်သည့်ဓါတုဗေဒပစ္စည်းများမှလုံးဝအသုံးပြုခြင်းမရှိ ပဲသန့်စင်မှု အမြင့်ဆုံး အမိုင်နိုအက်ဆစ် အခြေပြုပစ္စည်းများကို အဓိကထား၍ ထူးကဲစွာ ဖော်စပ်ထုတ်လုပ်ထားပါသည်။ ထို့ကြောင့်အညစ်အကြေးများကို အလွန်သိမ်မွေ့နူးညံသော အထိအတွေ့ဖြင့် ထိရောက်စွာလုံးဝသန့်စင်စေပြီး အသားအရေတင်းကြပ်ခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်း နှင့် မျက်စိစပ်ခြင်းများ လုံးဝမဖြစ်ပေါ်စေပဲ အသားအရေကိုသိသိသာသာဖြူစင်ဝင်းလက်စေပါသည်။ အသားအရေအမျိုးအစားမရွေး အသက်အရွယ်မရွေး ဘေးဥပါဒ်ကင်းစွာ အသုံးပြုနိုင်ပြီး အသားအရေကို သိသာထင်ရှားစွာ ထာဝစဉ် ဖြူဖွေး တောက်ပစေပါသည်။

၂။ Glyceryl Cocorate ပါဝင်မှု- အရေပြားယားယံမှု၊ ဓါတ်မတည့်မှုများကို လျော့ပါးသက်သာစေပြီး အသားအရေ မသက်မသာဖြစ်ပေါ်မှုများ လုံးဝမရှိပဲ နူးညံ့သိမ်မွေ့စွာ သန့်စင်ပေးပါသည်။
၃။ အမိုင်နိုအက်ဆစ်အမျိုးအစား (၈)မျိုး ပါဝင်မှု- အသားအရေ ချောမွေ့နူးညံ့မှုအတွက် စွဲမက်စရာအလွန်ကောင်းပြီး လိုအပ်သော အစိုဓါတ် ထိန်းသိမ်းနိုင်စွမ်းရည်ကို အရေပြားနှင့် တစ်သျှူးများ အကြားဟန့်ချက်ညီ အောင် ပြုလုပ်ဖြည့်တင်းပေးပါသည်။
၎။ Natural Moisture – Retention Agent (သဘာဝအစိုဓါတ်ထိန်းပစ္စည်း ပါဝင်မှု)
အသားအရေကိုသဘာဝအတိုင်း စိုပြေနူးညံ့စေပြီး အရေပြား၏ အမြှေးပါးကို ထိန်းသိမ်းကာကွယ်ပေးပါသည်။ သန့်စင်ခြင်း လုပ်ဆောင်နေစဉ်အတွင်း အခြားမသက်မသာဖြစ်မှုများကိုလျှော့ချပေးပြီး အသားအရေ၏ အစိုဓါတ်ကို အမြန်ဆုံးပြန်လည် ဖြည့်တင်းပေးပါသည်။

Aqua Sense အမိုင်နိုအက်ဆစ် မျက်နှာသစ်ခရင်(ခ်)၏ ထူးခြားချက်များ
၁။ အသန့်စင်ဆုံးအမိုင်နိုအက်ဆစ်အခြေပြုပစ္စည်းများသည် ဓါတုဗေဒပစ္စည်း ပေါင်းစပ်အသုံးပြုမှုကြောင့်ဖြစ်ပေါ်တတ်သော ဓါတ်မတည့်မှု အရေပြားပြသာနာများကို ကောင်းစွာလျှော့ချပေးနိုင်ခြင်း
၂။ နူးညံ့သိမ်မွေ့သော သန့်စင်ခြင်း၏ထိရောက်မှုကြောင့် ခရင်(ခ်)ကို အနည်းငယ်သုံးစွဲရုံဖြင့် မျက်နှာပြင်ပေါ်ရှိ အညစ်အကြေးများကို သန့်စင်အောင် ဆေးကြောနိုင်ခြင်း။
၃။ အလွန်နူးညံ့သော ဆပ်ပြာမြုပ်သည် ရေတွင်အလွယ်တကူ ပျော်ဝင်နိုင်ပြီး ချွေးဂလင်းပေါက်များထဲသို့ စိမ့်ဝင်ကာ အဆီပိုများ၊ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပေးနိုင်ခြင်း
၎။ အစိုဓါတ် ထိန်းသိမ်းနိုင်စွမ်းရည်သည် အလွန်ထူးကဲ၍ အသားအရေရှိ Collagen ဓါတ်၏ အာနိသင်နှင့် ဆင်တူနေပြီး ရေမော်လီကျူးများနှင့် ချက်ချင်း ပေါင်းနိုင်စွမ်းရှိသောကြောင့် အစိုဓါတ်ကိုအကောင်းဆုံးထိန်းသိမ်းပေးနိုင်သည်။ အရေပြားဆဲလ်များတွင် လုံလောက်သည့်အစိုဓါတ်ရှိလျှင် အဆီစိမ့်ထွက် မှုနှုန်းကိုလျော့နည်းစေခြင်းတို့ကြောင့် အရေပြားပေါ်တွင် အဆီပြန်မှု ကင်းဝေးစေပါသည်။

အသုံးပြုပုံ
အမိုင်နိုမျက်နှာသစ်ခရင်(မ်) အနည်းငယ်ကိုယူ၍ ရေစွတ်ထားသောမျက်နှာပြင်တစ်ခုလုံးသို့ ညင်သာစွာနှိပ်နယ်ပွတ်တိုက်ပေးပါ။ ပြီးလျှင်သန့်ရှင် သောရေဖြင့်စင်ကြယ်သည်အထိသစ်ပေးပါ။
နေ့ရောညပါသုံးစွဲနိုင်ပါသည်။

No comments:

Post a Comment