PV
: 72
ထုပ်ပိုးပုံ
တစ်ဗူးတွင်
4 g အထုပ် (20) ပါဝင်သည်။
အဘယ့်ကြောင့် Jia Hor Hi Fibre ကိုနေ့စဉ် သောက်သုံးသင့်ပါသလဲ။
(4) ဂရမ်ခန့်ရှိ Jia
Hor Hi-Fibre တစ်ထုပ်ချင်းစီတွင် ပြောင်းစေ့၊ ဂျုံစပါးစေ့၊ ပဲပိစပ်စသည်တို့
မှ ရရှိသည့် ရေတွင် ပျော်ဝင်နိုင်သော ဖိုင်ဘာနှင့်
ရေတွင်မပျော်ဝင်နိုင်သော အရည်အသွေးအမြင့် ဆုံးအဆင့်မြင့်ဖိုင်ဘာများအပြင် အဖိုးတန်လင်ဇီး၊
ဗိုက်တာမင်နှင့်သထ္တုဓါတ်တို့လည်း ပေါင်း စပ် ပါ ဝင် သောကြောင့် မျက်မှောက်ခေတ် လူသားများ နေ့စဉ်လိုအပ်သည့် ဖိုင်ဘာများကို ပြန်လည် ဖြည့်
ပေးရန် အကောင်းဆုံးဖြစ်သည်။ ယနေ့ခေတ်ကျွန်ုပ်တို့နေ့စဉ်စားသုံးသော အစားအစာများ မှ လုံလောက်သော ဖိုင်ဘာရရှိရန် မလွယ်ကူပါ။
ထို့ကြောင့် ရောဂါဝေဒနာများဖြစ်ပေါ်ခံစားလာရ သည်။
အဖြစ်များသော ရောဂါများမှာအူမကြီးကင်ဆာ၊ ဆီးချိရောဂါ၊
သွေးပေါင်ချိန် မမှန်သောရော ဂါနှင့် သွေးလွတ်ကြော
မာကြောသော ရောဂါတို့ ဖြစ်ပါသည်။ယနေ့ခေတ်တွင် အစာအိမ်နှင့်အူ လမ်း ကြောင်းဝေဒနာခံစားနေရသူ အရေအတွက်မှာ
တစ်နေ့တစ်ခြားများလာပြီးဖြစ်သည်။
အသေးဆုံး ဗိုက်အောင့်ခြင်းမှအစ အသားအရေကြမ်းတမ်းခြင်း၊
ခေါင်းကိုက်ခြင်း၊ အစာစား ချင် စိတ် နည်းပါးခြင်း၊ အသက်ရှူကြပ်ခြင်းတို့ အပြင် ဂရင်ဂျီနာ၊အသည်းတွင်းအနာဖြစ်ခြင်းနှင့်
အူ မကင်ဆာတို့ အထိ ဖြစ်နိုင်သည်။၎င်းတို့သည် ကျွန်ုပ်တို့စားသောက်မှုပုံစံကြောင့်ဖြစ်သောကြောင့်
သာ ဖြစ်ရခြင်း ဖြစ်သည်။ အစာအိမ်အူလမ်းကြောင်းကျန်းမာပြီး စားသောက်မှု ပုံစံမှန်မှသာ
ကျန်း မာသန်စွမ်းနိုင်မည် ဖြစ်သည်။
Jia Hor Hi-Fibre ၏အကျိုးကျေးဇူးများ
၁။ အစာအိမ် အူလမ်းကြောင်း၏
စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း
ဖိုင်ဘာသည် အူလမ်းကြောင်းအတွင်းမှ မစင်ပမာဏကိုဖောင်းပွစေနိုင်ပြီး
အူအတွင်းနံရံ များ လှုပ်ရှားမှုကိုအားပေးကာအူလမ်းကြောင်း၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည်။
ထို့အပြင် ခန္ဓာကိုယ်အတွင်းမှမစင်စွန့်ထုတ်မှုလွယ်ကူချောမွေ့စေရန် လိုအပ်သော ရေဓါတ်အား ထိန်းထား ပေးနိုင်သည်။အသားအရေကြည်လင် တောက်ပစေခြင်း၊
အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း နှင့် ဆင့်ပွားဖြစ်ပေါ်လာနိုင်သော ရောဂါများကို
ကာကွယ် ပေးနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိ စေနိုင်ပါသည်။
၂။ ခန္ဓာကိုယ်တွင်း အဆီဓာတ် လျော့ချပေးခြင်း နှင့် သွေးလွတ်ကြော်မာ ရောဂါကို
ကာကွယ်ပေးခြင်း
Jia Hor Hi-Fibre တွင်ပါဝင်သည့်
ရေမှာပျော်ဝင်နိုင်သော ဖိုင်ဘာသည် အဆီများသော အက် ဆစ်ဓါတ် (Fatty) ကိုစုပ်ယူဖယ်ရှားပေးနိုင်သောကြောင့် ခန္ဓာကိုယ်သွေးကြောများမှ
အဆီ ဓါတ် (Cholesterol) စုပ်ယူမှုလျော့ နည်းစေကာ
သွေးလွတ်ကြော ဆိုင်ရာ ရောဂါများနှင့် နှလုံး
ရောဂါ ဖြစ်ပွားမှုနှုန်းကိုလျော့ကျစေနိုင်ပါသည်။
၃။သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်း
ဖိုက်ဘာသည် ခန္ဓာကိုယ်တွင်း ကာဗိုဟိုက်ဒရိတ် ဇီဝကမ္မဖြစ်စဉ်ကို ပိုမိုကောင်းမွန်စေခြင်း၊
အာဟာရ စုပ်ယူမှုတွင်ပံ့ပိုးခြင်းတို့ အပြင်သွေးထဲရှိ သကြားဓါတ်ပမာဏ မြင့်တက်မှုနှုန်း ကို လျော့ကျစေသောကြောင့်
ဆီးချိ၊ သွေးချိရောဂါများနှင့် ၎င်းတို့၏ ရှုပ်ထွေးများပြားလှသော နောက် ဆက်တွဲရောဂါများကို
ကာကွယ်ပေးနိုင်ပါသည်။
၎။ ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း
Jia Hor Hi-Fibre ကို အစာမစားခင်တိုင်း
(၁)ထုပ်မှ (၂) ထုပ်သောက်သုံးခြင်းဖြင့် လုံ လောက်သော ဖိုင်ဘာကို ဖြည့်ဆည်းပေးနိုင်ပြီး
ဗိုက်ပြည့်သောခံစားမှုကို ဖြစ်စေသော ကြောင့်
အလွန်အက္ဈန်အစာ စားချင်စိတ်ကို လျော့ချပေးခြင်း ဖြင့် ကယ်လိုရီစားသုံးမှုကို လျော့ကျစေ နိုင်ပါသည်။
တချိန်တည်းမှာပင် နေ့စဉ်ခန္ဓာကိုယ်အညစ်အကြေးစွန့်ထုတ်ခြင်းကို
အားပေးသော ကြောင့် ကိုယ်အလေးချိန်ထိန်းညှိမှုအတွက်
အထောက်အကူဖြစ်စေပါသည်။ အခြားတနည်းမှာ Jia Hor
Hi-Fibre ကို အစာစားပြီးတိုင်း (၁) ထုပ်မှ (၂) ထုပ်သောက်သုံးခြင်း ဖြင့် အစာချေဖျက်မှုနှုန်းကို မြှင့်တင်ပေးပြီး အစာစားချင်စိတ်ကို အချိန်တိုတွင်း ထပ်မံဖြစ်ပေါ် စေသောကြောင့် အစာမကြာ ခဏ စားသုံးခြင်းဖြင့် ကိုယ်အလေးချိန်မြင့်တက်မှုကို
အထောက်အကူဖြစ်စေပါသည်။ကိုယ်အလေး ချိန် တိုးလိုသူများအတွက် အစာစားပြီးတိုင်း သောက်သုံးရန်လမ်းညွှန်ခြင်းဖြစ်ပါသည်။
၅။ သွေးတိုးရောဂါကို ကာကွယ်ပေးခြင်း
ဖြည့်စွက်အစာဖိုက်ဘာ၏ အစိုဓာတ်နှင့် ခန္ဓာကိုယ်
အဆိပ်အတောက်များကို စုပ်ယူနိုင်သည့် အစွမ်းသတ္တိရှိခြင်းကသွေးထဲရှိပိုလျှံနေသောဆိုဒီယမ်ပမာဏကို
အမြန်ဆုံးဖယ်ရှားပေးကာ သွေးတိုးရောဂါ နှင့်ဆိုင်သော ဝေဒနာများကို ကာကွယ်ပေးနိုင်ပါသည်။
၆။
အူလမ်းကြောင်းအတွင်း အနာဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း
ပူပင်စရာများပြားလှသောယနေ့ခေတ်လူနေမှုစနစ်တွင်
တိုးပွားများပြားလာသော စိတ်ဖိစီး မှုများအစားအသောက်မမှန်မှုများနှင့် ကျန်းမာရေးနှင့်မညီညွတ်သော
အစားအသောက်အလေ့ အကျင့်များ ကြောင့်အစာအိမ် အူလမ်းကြောင်းအတွင်း အနာဖြစ်ပွားမှုနှုန်းမြင့်သထက်
မြင့်လျက် ရှိပါသည်။
အစာအိမ်၊ အူလမ်းကြောင်းအတွင်း လုံလောက်သော ဖိုက်ဘာပမာဏရှိခြင်းက အူသိမ်၏ လုပ်ငန်းဆောင်တာများ
ပိုမိုကောင်းမွန်စေပြီး အစာအိမ် အူလမ်းကြောင်း အနာဖြစ်ခြင်းကို သက် သာကောင်းမွန်စေပါသည်။ထို့အပြင်
ဖိုက်ဘာ၏ အူလမ်းကြောင်းရှင်းသန့်နိုင်စွမ်းကလည်း အံ့မခန်း စရာပင်။
ကျန်းမာသော အူလမ်းကြောင်းက အာဟာရစုပ်ယူမှု ပိုမိုကောင်းမွန်စေပြီး
ဒေါင်ဒေါင်မြည် ကျန်မာခြင်းကို ရရှိစေပါသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အစည်း (WHO) ၏ အကြံပြုချက်အရ အရွယ်ရောက်သော လူတစ်ယောက်သည် 25 ဂရမ်မှ35
ဂရမ်ရှိသော ဖိုက်ဘာကိုနေ့စဉ်စားသုံး ရန် လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ခန္ဓာကိုယ်အတွင်း
လုံလောက်သော ဖိုက်ဘာပမာဏ ရှိနေခြင်း ဖြင့်
ကောင်းကျိုးပေးသော ဘက်တီးရီးယား တိုးပွားစေပြီး ကောင်းကျိုးမပေးသောဘက် တီးရီးယားများ
တိုးပွားမှုကို လျော့ကျစေသည့်အတွက် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး ကိုတိုး တက်ကောင်းမွန်စေသောကြောင့်
ဖြစ်ပါသည်။
Jia Hor Hi-Fibre ကို မည်ကဲ့သို့စားသုံးသင့်ပါသလဲ
သုံးစွဲသင့်သူများ
လူတိုင်းနေ့စဉ် သောက်သုံးသင့်ပါတယ်။အထူးသဖြင့်
အမျှင်ဓာတ်အားနည်းသော သူများ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်း၊ ဂရင်ဂျီနာ၊ အူမကြီးကင်ဆာ၊
အစာအိမ်အနာဖြစ်ခြင်း၊ အစာအိမ်နှင့် အူ လမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်များ၊ သွေးလွှတ်ကြောဆိုင်ရာ
ရောဂါ၊ သွေးပေါင်ချိန်မမှန်ခြင်း၊ သွေးတိုး၊ ဆီးချို၊ သွေးချို၊ နှလုံး၊ အသည်းရောဂါဝေဒနာရှင်များ၊
ခန္ဓာကိုယ်အလေးချိန် ထိန်းညှိ လိုသူများ သုံးစွဲသင့်ပါသည်။
သုံးစွဲသင့်သောပမာဏ
တစ်နေ့လျှင် ၁ထုပ်မှ ၄ ထုပ်အထိသို့မဟုတ်မိမိလိုအပ်ချက်အရထို့ထက်ပို၍လည်းသောက်
သုံးနိုင်ပါသည်။
သုံးစွဲရန်အညွန်
အဖုံးလုံသော ဗူးတစ်ဗူးအတွင်း Jia Hor Hi-Fibre ၁ ထုပ်ကို ၃၀၀ မီလီမီတာ ရေနှင့် ပြင်ဆင်ပါ။ ပြီးနောက် Jia Hor
Instant Soya Protein Powder နှင့် Vitaking တို့ထပ်ထည့်ပြီး
ကောင်းစွာ လှုပ်၍ချက်ချင်းသောက်သုံးနိုင်ပါသည်။
မိမိနှစ်သက်သလို သစ်သီးဖျော်ရည်များ၊ နို့များဖြင့်လည်း တွဲဖက် သောက်သုံးနိုင်ပါသည်။
သင့်အတွက် ကယ်လိုရီနည်း၊ဘေးဥပါဒ်ကင်း စင်ပြီး အစာအိမ် အူလမ်းကြောင်း ကျန်းမာရေးအတွက် အထူးကောင်းမွန်သော Jia Hor Hi-Fibre ဖြစ်ပါသည်။
No comments:
Post a Comment