Recent Comments Widget

Wednesday, 30 April 2014

Jia Hor Instant Soya Protein Powder

PV : 50
ထုပ်ပိုးပုံ
(1)ဗူးတွင် အထုပ် (30) ပါဝင်သည်

       ပရိုတင်းသည် လူ့ခန္ဓာကိုယ်ဖြစ်တည်မှုအတွက်အခြေလံအကျဆုံး  အရာတစ်ခုဖြစ်ပြီး ဆဲလ် များနှင့် တစ်ရှုးများ၏လုပ်ငန်းဆောင်တာများတွင်အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ဆံပင်မှအစ၊ အရေပြား၊ သွေးများ၊ အရိုးများ၊ အင်္ဂါအစိတ်အပိုင်းများ အားလုံးသည် ပရိုတင်းများဖြင့်  တည်ဆောက်ထားသည်။က္ဈန်ုပ်တို့၏ ပြီးပြည့်စုံသော ကျန်းမာရေးရှိစေရန် နေ့စဉ် ပရိုတင်းလုံ လောက်စွာ  စားသုံးရန် အထူးလိုအပ်သည်။

၁။ ပရိုတင်း၏ စွမ်းဆောင်ချက်များ
       တစ်ရှုးများတည်ဆောက်ခြင်းနှင့်ခန္ဓာကိုယ်ဆဲလ်များ ပြုပြင်ပေးခြင်း ပရိုတင်းသည် ခန္ဓာကိုယ် တွင်း ရှိ အမျိုးအစားများပြားလှသော တစ်ရှုးနှင့်အင်္ဂါအစိတ်အပိုင်းများတွင် ပါဝင်ပါသည်။  ဥပမာ-အရေ ပြား၊ ကြွက်သား၊ ဆံပင်၊ အရိုးများ၊ သွေး၊ ကျောက်ကပ်၊ နှလုံး၊ အဆုပ်နှင့် ဦးနှောက် စသည် တို့ဖြစ် သည်။ဇီဝကမ္မဖြစ်စဉ်များ အတွင်းပျက်စီးသွားသောဆဲလ်နှင့်တစ်ရှုးများကိုလည်းပရိုတင်းက ပြုပြင် ပေးသည်။


၂။ ခန္ဓာကိုယ်ကျန်းမာစွာ ရှင်သန်ခြင်းအတွက် အထောက်အပံ့ပေးခြင်း
       ဟန်ချက်ညီစွာ ရှင်သန်ကျန်းမာခြင်းအတွက်အရေးပါလှသော ဟိုမုန်း၊ အန်ဇိုင်း၊ အန်တီဘော် ဒီ၊ သွေးနီဥ၊ သွေးဖြူဥ၊ စပါမက်ဇိုရာ စသည်တို့သည်ပရိုတင်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

၃။ ကယ်လိုရီပေးခြင်း
       ပရိုတင်းသည် လူ့ခန္ဓာကိုယ်ကို ကယ်လိုရီထောက်ပံ့မှုပေးသော အာဟာရတစ်မျိုးဖြစ်ပါသည်။ နေ့စဉ်လူ့ခန္ဓာကိုယ်မှ လိုအပ်သော ကယ်လိုရီ ပမာဏ၏ 10% မှ 15% ကို ပရိုတင်းမှ ထုပ်ပေးပါ သည်။ ပရိုတင်းသည် က္ဈန်ုပ်တို့ နေ့စဉ် အသက်ရှင်သန်  နေထိုင်မှုအတွက်နှေးကွေးနေသောဆဲလ် များ အသစ်ပြန်လည် ဖြစ်ပွားမှုကို မြှင့်တင်ပေးခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးခြင်း၊ ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းမှုကို ကာကွယ်ပေးခြင်း၊  အလွယ်တကူအားအင်မရှိ လေး ကန်ထိုင်းမှိုင်းခြင်းကို ကာကွယ်ပေးခြင်း၊ ခန္ဓာကိုယ်ခုခံအားနည်းခြင်းကို ကာကွယ်ပေးခြင်း၊သွေး အား နည်းရောဂါနှင့်  ဖျားနာမှုခြင်း ပျောက်ကင်းမှု နှေးကွေးခြင်းတို့ကို ကာကွယ်ပေးခြင်း၊ စိတ် စွမ်းအင်ထက်မြက်မှုကို မြှင့်တင်ပေးခြင်းစသည့် အကျိုးကျေးဇူးများကို ပေးစွမ်းပါသည်။
        လူ့ခန္ဓာ ကိုယ်သည် အသုံးမပြုရသေးသော ပရိုတင်းများကို  ထိန်းသိန်းထားဖို့  မဖြစ်နိုင်သောကြောင့်             နေ့စဉ် စားသုံးပေးဖို့ လိုအပ်ခြင်းဖြစ်သည်။အဓိကအားဖြင့် ပရိုတင်းကိုက္ဈန်ုပ်တို့နေ့စဉ်စားသုံးသော အနီရောင်ရှိသောအသား၊ ပင်လယ်စာ၊ ချိစ်၊ ဥများနှင့် နို့တို့မှ ရရှိနိုင်သော်လည်း ၎င်းအစား အစာများတွင် အဆီနှင့် ကိုလက်စထရောများ မြင့်မားစွာ ပါဝင်လျှက်ရှိတတ်ပါသည်။ Jia Hor Instant Protein Powder သည် အကောင်းဆုံးပရိုတင်း အရင်းအမြစ်ဖြစ်သည့် အပင်ထွက်ပဲပိ စပ်မှအဆင့်ဆင့်ထုပ်ယူရရှိသော ပရိုတင်းဖြစ်ပြီး ဂေါက်ရောဂါရှိသူများပင် သောက်သုံးနိုင် ရန် ပျူရင်း (Purine) ပါဝင်ခြင်းမရှိပါ။  ထို့အပြင် နို့မှရရှိသော ကယ်လ်စီယမ် ကယ်စီးနိတ်လည်း ပါဝင်ပါသည်။ Jia Hor Instant Soya Protein ၁ ထုပ်မှ ရရှိသော ပရိုတင်းပါဝင်မှုသည် ကြက် ဥတစ်လုံးတွင်ပါဝင်သော ပရိုတင်း သို့ မဟုတ် ခရင်(မလိုင်) အပြည့်ပါသော  နွားနို့တစ်ခွက် တွင် ပါဝင်သော ပရိုတင်းနှင့် ပမာဏ တူညီပါသည်။သို့သော် အဆီပါဝင်နှုန်းနည်းပြီး ကိုလက်စထရော လုံးဝမပါရှိပါ။

ပါဝင်ပစ္စည်းများနှင့် စွမ်းဆောင်ချက်များ

၁။ ပဲပိစပ်မှ ထုပ်ယူရှိသော ပရိုတင်း (Isolated Soya Protein)
*   အပင်မှရှိသော ပရိုတင်းများတွင် အကောင်းဆုံးဖြစ်ပြီး အမီနိုအက်ဆစ်အပြည့်ဝဆုံး ပါဝင် သည်။
*   ရောဂါတစ်ခု၏ နောက်ဆက်တွဲ ကျန်းမာရေး ပြသာနာများကိုကာကွယ်နိုင်ကြောင်းလူ အ များလက်ခံ ထားပြီးဖြစ်သည်။
*   ဇီဝတန်ဖိုး မြင့်မားသော ပရိုတင်းအရင်းအမြစ်ဖြစ်ပြီး ခန္ဓာကိုယ်မှ အလွယ်တကူစုပ်ယူ (95 ရာခိုင်နှုန်းအထိ) အသုံးပြုနိုင်သည်။
*   ကိုလက်စထရော ပါဝင်မှုမရှိဘဲ ခန္ဓာကိုယ်မှ မရှိမဖြစ်လိုအပ်သော ဖက်တီအက်ဆစ် (အဆီ ဓာတ်) ပါဝင်ပါသည်။
*   ကိုလက်စထရော လျော့ချခြင်းကိုကူညီပေးခြင်း၊အသည်းအား  ကာကွယ်ပေးခြင်းနှင့် ကင် ဆာရောဂါများကို ကာကွယ်ပေးနိုင်သည်။
*   Isoflavone ( အပင်မှရှိသောဟိုမုန်းနှင့်တူသောဓာတ်ပေါင်းတစ်မျိုး) ပါဝင်သောကြောင့်  ကျူမာ (ကင်ဆာအဖုအကြိတ်) ဆဲလ်များဖြစ်ပေါ်မှုမှ ကာကွယ်ပေးခြင်း၊ အရိုးများပျက်စီးယို ယွင်းမှုမှ ကာကွယ်ပေးခြင်း၊ အရိုးဆဲလ်များ ဖွံ့ဖြိုးတိုးတက်ခြင်း၊ အရိုးစုဆိုင်ရာ စွမ်းဆောင်မှုများကို ပိုမိုခိုင်စေခြင်းစသည့် အကျိုးကျေးဇူးများရှိပါသည်။ထို့အပြင် ရင်သားကင်ဆာကိုကာကွယ်ပေးနိုင် ကြောင်းထူးခြားစွာတွေ့ရှိရသည်။
       ဆေးပညာဆိုင်ရာ တွေ့ရှိချက်များအရ ပဲပိစပ်မှ ထုပ်ယူရရှိသော ပရိုတင်းသည် နှလုံး၏စွမ်း ဆောင်ချက်များကို မြှင့်တင်ပေးပြီး ကိုလက်စထရော ကိုပါ လျော့ကျစေနိုင်ကြောင်း ဖော်ပြပါရှိ
သည်။၂၅ ဂရမ်ရှိသော ပဲပိစပ်ပရိုတင်းကိုနေ့စဉ်စားသုံးခြင်းဖြင့် အဆီနှင့် ကိုလက်စထရော  နည်း ပြီးနှလုံးနှင့်ဆိုင်သော ရောဂါဖြစ်ပွားမှုနှုန်းကို သိသိသာသာ လျော့ကျစေပါသည်။

၂။ လက်ဆီတင်း (Lecithin)
*   လူ့ခန္ဓာဆဲလ်များဖြစ်တည်မှုတွင် အဓိကအရာတစ်ခုဖြစ်ပြီး အထူးသဖြင့် ဦးနှောက်ဆဲလ်များ ပြန်လည်သက်ဝင်နိုးကြွမှုကို ကူညီပေးသည်။
*   ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခြင်း၊ မှတ်ညဏ်မြင့်မှားစေခြင်း၊ အသက်အရွယ် ကြောင့် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှုကို ထိန်းသိန်းကာကွယ်ပေးသည်။
*   က္ဈန်ုပ်တို့သွေးကြော များအတွင်းရှိသော အဆီများကိုဖယ်ရှားပေးနိုင်သည့်အကောင်းဆုံးသန့် ရှင်းရေး ပစ္စည်းတစ်ခုဖြစ်ပါသည်။

၃။ အိုင်အိုမက်တို-အိုလီကိုဆက်ခရိုက်

*   အစာချေအူလမ်းကြောင်းစနစ်ကို ကာကွယ်ပေးသော အရာတစ်ခုဖြစ်သည်။
*   ခန္ဓာကုယ်အတွင်း Bifidus ဟုခေါ်သော အသုံးဝင်သော ဘက်တီးရီးယား တစ်မျိုးအတွက် လိုအပ်သောအဟာရကို ဖြည့်ပေးသည်။
*   Bifidus သည် အူလမ်းကြောင်းအတွင်း  အန္တရာယ်ဖြစ်စေသော ကိုလိုနီဘက်တီးရီယားများကို တိုက်ဖျက်ပေးသည်။
*   တချိန်ထဲမှာပင် Bifidus သည် ဗိုက်တာမင်များ၏ ဇီဝကမ္မဖြစ်စဉ်ကို လည်း အားပေးသည်။
*   အစာအိမ်အူလမ်းကြောင်းအတွင်း အစာသယ်ဆောင်မှုကို ကောင်းမွန်စေသောကြောင့် ဝမ်းချုပ်
ခြင်း၊ အူလမ်းကြောင်းအတွင်း အနာဖြစ်ခြင်းနှင့် အဖုအကြိတ်များ ဖြစ်ပေါ်မှုကို ကာကွယ်နိုင်သည်။

Jia Hor Instant Soya Protein Powder ထူးခြားချက်များ

*   ထိပ်ဆုံးအဆင့်ရှိသော ပဲပိစပ် ပရိုတင်းနှင့်လက်ဆီတင်းဓာတ်တို့ ပါဝင်ခြင်း
*   သင်္ဘောသီးမှရှိသော အင်ဇိုင်း (ပပိန်း) နှင့် နာနတ်သီးမှရသော အင်ဇိုင်း (ဘရိုမယ်လင်) တို့ပါဝင်မှုကြောင့် ပရိုတင်းလက်ခံရရှိမှု ပိုများအောင် ပံ့ပိုးပေးခြင်း
*   ကယ်လိုရီပါဝင်မှု 43 Kcal သာရှိခြင်း
*   ခန္ဓာကိုယ်မှ အလွယ်တကူ အသုံးပြုနိုင်ခြင်း

ဤ ဂျာဟော (Jia Hor) အသင့်သုံး ပဲပရိုတင်းမှုန့်ဟာ ဘယ်သူတွေအတွက် သင့်တော်သလဲ?
       က္ဈန်တော်တို့ ခန္ဓာကိုယ်အလေးချိန် (၁) ကီလိုဂရမ်အတွက်ပရိုတင်း (၁) ဂရမ်ရှိရန်လိုသည်။  အဓိပ္ပါယ်ကတော့ ကီလို (၅၀) ရှိတဲ့အရွယ်ရောက်ပြီး သူတစ်ယောက်ဟာ တစ်ရက်ကို ပရိုတင်း (၅၀)  ဂရမ်လိုအပ်ပါတယ်။ သည်အထုပ်ငယ်  တစ်ထုပ်ဟာ ပရိုတင်း (၅)ဂရမ်ပေးစွမ်းနိုင်တဲ့အ တွက် (၄) ထုပ်မှ (၆) ထုပ်သုံးစွဲရင် ပရိုတင်း (၂၀) ဂရမ်မှ (၃၀) ဂရမ်ဖြည့်စည်းရရှိနိုင်ပါတယ်။  သာမန်နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှပါရှိတဲ့ ပရိုတင်းနဲ့ ပေါင်းရင် ခန္ဓာကိုယ်အတွက် နေ့စဉ် လိုအပ်နေတဲ့ပရိုတင်းပြည့်မှီနိုင်ပါတယ်။
       ဤ ဂျာဟောအသင့်သုံး ပဲပရိုတင်းမှုန့်ကို လူတိုင်းစားသုံးသင့်ပါသည်။ ကလေးသူငယ်၊ လူငယ်လူရွယ်၊ အသက်ကြီးသူ၊ ကိုယ်ဝန်ဆောင်မိခင်၊ အားကစားသမား၊ အာဟာရချို့တဲ့သူများ၊ နာမကျန်းသူသာမက ကျန်းမာရေးသန်စွမ်းသူများလည်း မှီဝဲစားသုံးသင့်ပါသည်။

သုံးစွဲရန်အညွန်း
       အဖုံးလုံသော ဗူးတစ်ဗူးအတွင်းကြက်သီးနွေးရှိသောရေ ၃၀၀ မီလီမီတာ ထည့်ပါ။  ထို့နောက် ပရိုတင်း ၁ ထုပ် သို့မဟုတ် ၂ ထုပ် ထည့်ပြီး ကောင်းစွာလှုပ်၍ သောက်သုံးနိုင်ပါသည်။ အကျိုး သက် ရောက်မှု ပိုမိုကောင်းမွန်စေရန် Jia Hor Instant Soya Protein Powder ၊ Vitaking နှင့် Jia Hor Hi-Fibre တို့ဖြင့်ရောစပ်သောက်သုံးနိုင်ပါသည်။ Jia Hor Instant Soya Protein Powder ကို နေ့စဉ်သောက်သုံးခြင်းဖြင့် ဒေါင်ဒေါင်မြည် ကျန်းမာသော ဘဝကိုပိုင်ဆိုင်ကြပါစို့။

No comments:

Post a Comment